Thursday, March 17, 2011

အကယ်၍ မြည်းတစ်ကောင်၏ သတ္တိဖြင့်....

ဓမ္မမောင်နှမတို ့ရေ

ဒီရက်ပိုင်း အဆိုးလောကဓံတွေရဲ ့ ရိုက်ခတ်မှုအကြောင်း စဉ်းစားဖြစ်ရင်းက ပုံပြင်တစ်ပုဒ်နှင့် ကဗျာတစ်ပုဒ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။

လောကီကြီးပွားရေးအတွက်ပဲ ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်မှုအတွက်ပဲ ဖြစ်ဖြစ် ကြိုးစားနေကြသူတွေ အားလုံးအတွက် ဒီပုံပြင်နှင့် ကဗျာလေးမှ အနှစ်သာရတစ်ခုခု မိမိအတွက် ထုတ်ယူနိုင်လျင် အကျိုးများနိုင်လိမ့်မယ်လို ့ ယူဆမိလို ့ ထပ်ဆင့်ဝေမျှပေးလိုက်ပါတယ်။

အထူးသဖြင့်တော့ မိမိက စိတ်ထားမှန်မှန်ဖြင့် ရပ်တည်လုပ်ကိုင်နေပါလျက် အကြောင်းကြောင်းကြောင့် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေကြရသူတွေ၊ ဘဝရဲ ့မထင်မှတ်တဲ့ အပြောင်းအလဲများကြောင့် ပိုင်ဆိုင်သမျှပြိုလဲပျက်ဆီးပြီး ဘဝကို အသစ်တစ်ဖန် သုညမှ ပြန်စနေရသူများအားလုံအတွက် စိတ်အားသစ်များ ဖြစ်စေဖို ့ ရည်ရွယ်ပြီး မျှဝေလိုက်ပါတယ် ခင်ဗျား။

ပထမ ပုံပြင်လေးက ဆရာတော် ဦးဇောတိက ရဲ ့ “စိတ်ချမ်းသာဖို ့က လိုရင်းပါ” စာအုပ်ထဲကပါ။ မြည်းတစ်ကောင်ရဲ ့သတ္တိ တဲ့။

လယ်သမားတစ်ယောက်ရဲ ့ မြည်းလေးတစ်ကောင်ဟာ အကာအရံမရှိတဲ့ လယ်ထဲက ရေတွင်းထဲ ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ ့သခင်ကို ခေါ်တယ်။ လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို ့တွေးတယ်။ နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။ ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်းကလည်း မသုံးတာကြာတဲ့ ရေတွင်းဟောင်းကြီး။ ဖို ့ပစ်တာကောင်းတယ်။ ဒီမြည်းကို ဆွဲတင်နေလို ့မထူးဘူး။ အဲဒီလို တွေးပြီးတော့ သူ ့သူငယ်ချင်း လယ်သမားတွေကို သွားခေါ်လာတယ်။ တစ်ယောက်ပေါက်ပြားတစ်လက်ဆီ ယူလာကြတယ်။ မြေကြီးတွေတူးပြီး ရေတွင်းကို ဖို ့ကြတယ်။

မြည်းလေးဟာ သူ ့ကို မြေဖို ့နေပြီဆိုတာ သိတော့ ကြောက်ပြီး အသံကုန်အော်တယ်။ နောက်မကြာခင်မှာ မြည်းအော်သံ တိတ်သွားတယ်။

တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ ့ကြည့်တယ်။ သူမြင်ရတာကို သူအံ့ဩသွားတယ်။ မြေကြီးတစ်ကော်စာ ဖို ့လိုက်တိုင်း မြည်းလေးဟာ မြေကြီးတွေကို ခါချလိုက်ပြီး မြေကြီးပေါ်ကို တစ်လှမ်းတက်လိုက်တယ်။ လယ်သမားတွေက မြေကြီးကို ဆက်ဖို ့တိုင်း မြည်းလေးက မြေကြီးတွေခါချလိုက်ပြီး မြေကြီးပေါ်လှမ်းတက်လိုက်တယ်။ ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ ရေတွင်းပေါ်ခုန်တက်ပြီးတော့ အားရဝမ်းသာ ခုန်ပေါက်ပြီးပြေးတော့တယ်။

ကိုယ့်ဘဝအခြေအနေက ကိုယ့်ကျောပေါ်ကို မြေတွေပုံမယ်။ ဒုက္ခကနေ လွတ်အောင်လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို ့ပဲ။ ဖို ့လိုက်တဲ့မြေကြီးဟာ ကျောပေါ်မှာ မနေဖို ့ဘဲလိုတယ်။ ဖို ့သမျှမြေကြီးဟာ ခြေထောက်အောက်ကို ရောက်သွားရမယ်။

source by ဝိမုတ္တိသုခ

No comments:

Post a Comment