Skip to main content

မလျော့မတင်း စောင်းကြိုးညှင်းပြဿနာ

မြတ်စွာဘုရားသည် ဒုက္ကရစရိယာ အကျင့်မှားကြီးကို ခြောက်နှစ်ခန့်ကျင့်ရာတွင် မသေရုံတမယ် အရိုးနှင့် အရေသာကျန်၏။ ဂေါတမြတ်စွာဘုရား နုစဉ်ဘဝ ဇောတိပါလပုဏ္ဏား ဖြစ်စဉ်အခါက ကဿပမြတ်စွာဘုရားအား “သူက ခြောက်ရက် ဒုက္ကရစရိယာကျင့်ရင်၊ ငါက ခြောက်နှစ် ဒုက္ကရစရိယာ ကျင့်မယ်” ဟူသော ၀စီကံဖြင့် ပြစ်မှားခဲ့ဖူးသော ၀ဋ္ဋ်ကြေွးကို ပြန်လည်ပေးဆပ်ရခြင်း ဖြစ်၏။
ခြောက်နှစ်ပြည့်၍ ဝဋ်ကြေွးကုန်သည်နှင့် အလယ်အလတ်ကျင့်စဉ် (မဇ္ဈမပဋိပါဒလမ်း)ကို အလိုလို ထိုးထွင်းသိပြီး သဗ္ဗညုတဉာဏ်တော်ကို ရရှိသွား၏။ ဤကား ဘုရားဟော ကျမ်းဂန်လာအတိုင်းအတိအကျ ဖြစ်၏။ သို့သော် ယခုအခါ မည်သည့် ပန်းချီဆရာက ရမ်းသမ်းရေးဆွဲလိုက်သည် မသိ၊ ဒုက္ကရစရိယာ ကျင့်နေသော မြတ်စွာဘုရားလောင်းရှေ့တွင် စောင်းတီးခက်ပြနေသောနတ်သားတစ်ယောက် ပုံပါလာ၏။
ထိုနတ်သားက စောင်းကြိုးများကို တအား လျှော့၍တီး၏။ အသံထွက်မလာ။ တစ်ဖန် စောင်းကြိုးကို တအားတင်း၍ တီးပြန်သော် ပြတ်ထွက်ကုန်၏။ စောင်းကြိုးကို အလယ်အလတ်ထားတီးမှသုတိသာယာသော စောင်းသံထွက်လာ၏။ ထိုအခါကျမှ ဘုရားလောင်းသည် မိမိအမှားကို သိမြင်ပြီး အလယ်အလတ်(မဇ္ဈိမပဋိပဒါ)လမ်းကို ပြန်လည်ကျင့်မှ ဘုရားဖြစ်သွားသည်ဟု ပန်းချီးကားကညွှန်ပြနေ၏။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၏ အဓိပ္ပါယ်မှာ “သစ္စာလေးပါးကို ဆရာမရှိဘဲ ကိုယ်တော်တိုင် သိမြင်တော်မူခြင်း” ဟု အဓိပ္ပါယ် ရ၏။ ထိုသမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကြီး၏ မျက်နှာကို ထောက်ထားပြီးနတ်က စောင်းတီးပြမှ ဘုရားရှင်သည် အကျင့်မှန်ကို ရသွားသည်ဟူသော အယူအဆကြီးကို ဗုဒ္ဓဘာသာ သာသနာ လောကမှ အမြန်ဖယ်ရှားပစ်ရမည် ဖြစ်သည်။
ဟိုတလောက လက်ဆောင်ရထားတဲ့ ဆရာတော် အရှင်ဇဝန၊ (မေတ္တာရှင်) ရွေှပြည်သာ ရေးသားသော“ထေရဝါဒ မှတ်ကျောက်” စာအုပ်မှ ဖတ်မိတာလေးကို ပြန်လည်မျှဝေပေးတာပါ။ code : www.sawsan23.com

Comments

Popular posts from this blog

Huawei with Google Application

Huawei ဖုန်းတွေမှာ google application တွေဖြစ်တဲ့

Gmail , Gtalk, PlayStore ကိုသုံးဖို့ မခက်ပါဘူး..

ဖုန်းမှာ Root Accept ရှိမယ်။ RootExplorer ရှိတယ်။ android version သိတယ်ဆိုရင် system ထဲထည့်ပီး orginal ပါသလိုပါ လုပ်လို့ ရပါတယ်။

လိုအပ်တဲ့ Gmail Gtalk PlayStore apk ၃ ခုနဲ့ သူတို့နဲ့
တွဲဆက်အလုပ်လုပ်မယ့်

apk ၃ ခု အားလုံး apk ၆ခုလိုပါမယ်..



hauweigoogleapk

ကျနော် အခုပြောမှာက android version 4.1.1 တွေအတွက်ပြောပြသွားမှာပါ။

ကျန် version တွေအတွက်လည်း မခက်ပါဘူး www.goo.im/gapps မှာ ကိုယ့် version နဲ့ ကိုက်တာကို

download လုပ်ပီး install လုပ်လည်းရပါတယ်။

အခု android 4.1.1 တွေအတွက် လိုအပ်တဲ့ apk ၆ ခုကို ဒေါင်းပါ။

1. https://sawsan-android.googlecode.com/files/Gmail_4.1.1.apk (Gmail.apk) လို့ပြင်ပေးပါဦး

2. https://sawsan-android.googlecode.com/files/Gtalk.4.1.1-438695.apk (Gtalk.apk) လို့ ပြင်ပေးပါဦး

3. http://sawsan.googlecode.com/files/GooglePlayStore.apk

4. http://sawsan.googlecode.com/files/GooglePlayService.apk

5. https://sawsan.googlecode.com/files/GoogleLoginService.apk

6. https://sawsan.google…

Mouse Hover

Mouse Hover ဆိုတာ သိပ်အထူးအဆန်းကြီးတော့ မဟုတ်တော့ပါဘူး၊ တော်တော်များများမြင်ဖူးပီးသား၊ ရင်းနှီးပီးသား mouse effect တစ်ခုပါ။ အခုလည်း ကျနော်က ကျနော်မြင်တွေ့ဖူးထားတာလေးတွေရယ်၊ ကိုယ့်စိတ်ကူးနဲ့ကိုယ်တွေးပီးရေးထားတဲ့ mouse hover code လေးတွေအကြောင်းပြောပြချင်ပါတယ်။
ပထမဆုံး ..
Text shadow mouse hover
ဒါက mouse ထောက်လိုက်တဲ့အချိန်မှာ text shadow ပေါ်လာတဲ့ပုံစံပါ။

ဥယျာဉ်မှူး၏ တစ်နှစ်စာ အလွဲများ ( တစ်နှစ်စာ အမှတ်တရ )

မင်္ဂလာပါ

ကျွန်တော် ဧဒင်ဥယျာဉ် ဟု အမည်မပေးခင် 27.11.2009 မှာ ကျွန်တော်တို့ Graphic Design ဝါသနာရှင်တွေ

စုစည်း ဆွေးနွေးစရာ နေရာ တစ်ခုအဖြစ်ကိုမျိုးတို့ အဖွဲ့ရယ်လို့ ဆိုဒ်ကို လူ 50 တိတိ သာ ဖိတ်ပြီး ပုဂ္ဂလိက အဖြစ် ရပ်တည်ခဲ့ပါတယ် ။

ထို အဖွဲ့သား 50 အတွက် ကျွန်တော် Gtalk ပေါ်ခါစက ကဗျာလေး တစ်ပုဒ်ကို နောက်ခံပုံလေးနဲ့ တွဲလို့

Gtalk ချစ်သူ ဆိုတဲ့ ကဗျာ လေးတွေ နဲ့ အတူ ကဗျာ 4 ပုဒ် ပုံနဲ့တွဲပြီး ထိုကဗျာတွေပေါ်မှာ

ကျွန်တော်တို့ ပထမ address ဖြစ်တဲ့ www.myominlatt.ning.com ဆိုပြီး initial ထိုး လို့ Mail တွေပို့ပေးရာက

တစ်ပတ် အတွင်း ဧဒင်မှာ member 162 ယောက် ဖြစ်လာခဲပါတယ် ။

ဒီလိုနဲ့ ကျွန်တော် နှစ်သစ် ကူး အချိန်ဖြစ်တဲ့ တိုက်ဆိုင်မှု့ကြောင့် 1.1.2010 နံနက် 12း12 မှာ ဧဒင်ဥယျာဉ် လို့

အမည်ပေးပြီး အများသုံး ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ် ။ ....

ကျွန်တော် ယနေ့ထိ လုပ်မိခဲ့တဲ့ အလုပ်တွေ အားလုံးနဲ့ ထဲမှာ ဧဒင်ဥယျာဉ်ကြောင့် ပိုက်ဆံနဲ့ ရှာဝယ်မရနိုင်တဲ့

ပီတိ တစ်ခုနှင့်အတူ ဘက်ညီ လက်ညီ အားပေးကြတဲ့ ယနေ့ အဖွဲ့သားအားလုံးကြောင့် ကျွန်တော့် ဘဝတစ်ခုမှာ

ဧဒင်ဥယျာဉ်က မိသားစုတစ်ခု လို အရေးပါခဲ့တာပါပဲ ...... ဧဒင်ကို အများထက် သာရမယ်လို့ စိတ်ထဲ အ…