Skip to main content

လွတ်လပ်တဲ့သူဟာ ဉာဏ်မသုံးရတဲ့ဘဝကို မကျေနပ်ဘူး

သူတို့ကို ချည်ထားတဲ့ သံကြိုးကို ချစ်နေတဲ့ လူမိုက်တွေကို လွတ်လပ်သွားအောင် လုပ်ပေးဖို့ သိပ်ခက်ပါတယ်။
မလွတ်လပ်တာကို သဘောကျနေတဲ့သူကို လွတ်လပ်အောင်လုပ်ပေးလို့ မရဘူး။ ပြောလို့လည်း ရမှာ မဟုတ်ဘူး။ တချို့လူတွေဟာ မလွတ်လပ်တာကို ကြိုက်တယ်။ ဒါကြောင့် ခိုင်းတာလုပ်ပြီး ပေးသလောက်ယူရတဲ့ဘဝကို ကျေနပ်နေတယ်။ ကြိုးစားသလောက် အကျိုးခံစားရမယ့် အလုပ်မျိုးကို မလုပ်ဘူး။ ဉာဏ်ကို ပိုသုံးရမယ့် အလုပ်ကို မလုပ်ဘူး။ အရည်အချင်းကို ပိုထုတ်ရမယ့် အလုပ်ကို မလုပ်ဘူး။ လက်အောက်ခံဘဝကို ကျေနပ်နေကြတယ်။
လက်အောက်ခံဆိုတာ ခိုင်းတာလုပ်ရတယ်။ ခိုင်းတာလုပ်ရင် တာဝန်ကျေပြီ။ ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲလို့ စဉ်စားစရာ မလိုဘူး။ ခိုင်းတာလုပ်ရင် ဘာလုပ်ရမလဲ ဆိုတဲ့ မသေချာတဲ့ အခြေအနေ၊ အဖြေရှာရတဲ့ အခြေအနေ မရှိဘူး။ သေချာနေတယ်။ သေချာနေတာဟာ သေနေတာပဲ။
ရှင်သန်နေတဲ့သူမှာ မသေချာတဲ့ သဘောဟာ အမြဲရှိနေတယ်။ မေးခွန်းအမြဲရှိနေတယ်။ အမြဲတန်းအဖြေကို ရှာနေရတယ်။ အဲဒါကို လူတိုင်း မလုပ်နိုင်ဘူး။ မေးရမှာ ကြောက်တယ်။ မေးရတာ ပင်ပန်းတယ်။ အဖြေရှာရတာ ပင်ပန်းတယ်။ ကိုယ့်အဖြေ မှားသွားမှာ ကြောက်တယ်။ ဒါကြောင့် သူများ အဖြေကို မစဉ်းစားပဲ မစမ်းစစ်ဘဲ မျက်စိမှိတ်ပြီး လက်ခံလိုက်တယ်။ ကိုယ့်မေးခွန်းကို ကိုယ်မေးပြီး ကိုယ့်အဖြေကို ကိုယ်မရှာဘူး။ သူများမေးခွန်းနဲ့ သူများ အဖြေကို လွယ်လွယ်နဲ့ လက်ခံလိုက်တယ်။ အဲဒီလို လူဟာ လွတ်လပ်တဲ့သူ ဘယ်တော့မှ ဖြစ်မလာဘူး။
ဒီစာတွေက မနေ့ညက ကျနော်ပြန်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ "လွတ်လပ်သော စိတ်"ဆိုတဲ့ စာအုပ်ထဲကပါ။
Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
“အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာ အများဆုံးရှိချင်ပါသည်”။
ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့က အသိနဲ့အကျင့် တစ်ထပ်တည်း ကျဖို့က နံပါတ်တစ်လို့ ကိုယ့်ကိုကိုယ် အမြဲပြောနေမိပါတယ်။ source : www.sawsan23 .tk

Comments

Popular posts from this blog

ဥယျာဉ်မှူး၏ တစ်နှစ်စာ အလွဲများ ( တစ်နှစ်စာ အမှတ်တရ )

မင်္ဂလာပါ

ကျွန်တော် ဧဒင်ဥယျာဉ် ဟု အမည်မပေးခင် 27.11.2009 မှာ ကျွန်တော်တို့ Graphic Design ဝါသနာရှင်တွေ

စုစည်း ဆွေးနွေးစရာ နေရာ တစ်ခုအဖြစ်ကိုမျိုးတို့ အဖွဲ့ရယ်လို့ ဆိုဒ်ကို လူ 50 တိတိ သာ ဖိတ်ပြီး ပုဂ္ဂလိက အဖြစ် ရပ်တည်ခဲ့ပါတယ် ။

ထို အဖွဲ့သား 50 အတွက် ကျွန်တော် Gtalk ပေါ်ခါစက ကဗျာလေး တစ်ပုဒ်ကို နောက်ခံပုံလေးနဲ့ တွဲလို့

Gtalk ချစ်သူ ဆိုတဲ့ ကဗျာ လေးတွေ နဲ့ အတူ ကဗျာ 4 ပုဒ် ပုံနဲ့တွဲပြီး ထိုကဗျာတွေပေါ်မှာ

ကျွန်တော်တို့ ပထမ address ဖြစ်တဲ့ www.myominlatt.ning.com ဆိုပြီး initial ထိုး လို့ Mail တွေပို့ပေးရာက

တစ်ပတ် အတွင်း ဧဒင်မှာ member 162 ယောက် ဖြစ်လာခဲပါတယ် ။

ဒီလိုနဲ့ ကျွန်တော် နှစ်သစ် ကူး အချိန်ဖြစ်တဲ့ တိုက်ဆိုင်မှု့ကြောင့် 1.1.2010 နံနက် 12း12 မှာ ဧဒင်ဥယျာဉ် လို့

အမည်ပေးပြီး အများသုံး ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ် ။ ....

ကျွန်တော် ယနေ့ထိ လုပ်မိခဲ့တဲ့ အလုပ်တွေ အားလုံးနဲ့ ထဲမှာ ဧဒင်ဥယျာဉ်ကြောင့် ပိုက်ဆံနဲ့ ရှာဝယ်မရနိုင်တဲ့

ပီတိ တစ်ခုနှင့်အတူ ဘက်ညီ လက်ညီ အားပေးကြတဲ့ ယနေ့ အဖွဲ့သားအားလုံးကြောင့် ကျွန်တော့် ဘဝတစ်ခုမှာ

ဧဒင်ဥယျာဉ်က မိသားစုတစ်ခု လို အရေးပါခဲ့တာပါပဲ ...... ဧဒင်ကို အများထက် သာရမယ်လို့ စိတ်ထဲ အ…

Virus ငယ်ငယ်လေး ရေးနည်း၊ ဖြေရှင်းနည်း

ဒီလိုဗျာ ကွန်ပျုတာပညာကို စိတ်ဝင်စားတဲ့ သူငယ်ချင်း အချင်းချင်း နောက်ချင်ပြောင်ချင်လို့
Virus သေးသေးလေးတွေရေးပြီး စချင်တယ်ဆိုရင်လေ၊ အဲ့လိုစနောက်တဲ့အခါ ဘယ်လိုဖြေရှင်ရမယ်ဆိုတာရယ်ကို ရေးပေးမလို့ပါ။
Virus ဆိုပေမယ့် သာမန် vbs တို့ bat တို့နဲ့ ရေးထားတဲ့ program သေးသေးလေးပါ။
အနှောက်အရှက်နဲနဲဖြစ်စေလို့ Virus သေးသေးလို့ပြောတာ။ ဒါပေသိ Antivirus တော်တော်များများက မသိတဲ့ format တွေဖြစ်ပါတယ်။

Cursor ချလိုက်တဲ့နေရာတိုင်းမှာ I Love You. ဆိုတဲ့ စာလေးတွေအများကြီးရေးပေးနေမယ့် program လေးကို
ဒီလိုရေးပါတယ်။

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "I Love You."
loop

အပေါ်က စာလေးတွေကို notepad ထဲမှာထည့်ပြီး ဖိုင် save တဲ့အခါ filename.vbs လို့ရေး save ပါ။
သူငယ်ချင်းရဲ့ မွေးနေ့မှာ စချင်ရင်တော့ I Love You. နေရာမှာ Happy Birthday လို့ပြောင်းရေးပေ့ါ။
အခု လာမယ့် Christmas မှာ စချင်နောက်ချင်ရင်တော့ Merry Christmas လို့ပြောင်းရေးပေးပေ့ါ။
ကိုယ်ကြိုက်ရာသာရေးပါ။ မြန်မာလိုသာမရတာ အင်္ဂလိပ်လိုတော့ ကြိုက်တာရေးပါ။
ပြီးရင် ကိုယ်ဘာနဲ့ကိုယ် run ကြည့်ဦးနော့။
ဖြေရှင်းနည်း .…

Mouse Hover

Mouse Hover ဆိုတာ သိပ်အထူးအဆန်းကြီးတော့ မဟုတ်တော့ပါဘူး၊ တော်တော်များများမြင်ဖူးပီးသား၊ ရင်းနှီးပီးသား mouse effect တစ်ခုပါ။ အခုလည်း ကျနော်က ကျနော်မြင်တွေ့ဖူးထားတာလေးတွေရယ်၊ ကိုယ့်စိတ်ကူးနဲ့ကိုယ်တွေးပီးရေးထားတဲ့ mouse hover code လေးတွေအကြောင်းပြောပြချင်ပါတယ်။
ပထမဆုံး ..
Text shadow mouse hover
ဒါက mouse ထောက်လိုက်တဲ့အချိန်မှာ text shadow ပေါ်လာတဲ့ပုံစံပါ။